home

MSI Technology Computer Centre အဋ္ဌမအကြိမ်မြောက် သင်တန်းဆင်းပွဲအခမ်းအနား

MSI Technology Computer Centre ၏ အဋ္ဌမအကြိမ် သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၈ နာရီ တွင် ပုသိမ်မြို့ ဆရာဝန်အသင်းခန်းမ၌ ကျင်းပရာ လက်ထောက် တိုင်းပညာရေးမှူး (စီမံ) နှင့်တကွ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ သင်တန်းဆင်းကျောင်းသားကျောင်းသူများ နှင့် မိဘများတက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ဧရာဝတီတိုင်း အမှတ်(၁)အခြေခံပညာဦးစီးဋ္ဌာန လက်ထောက်တိုင်းပညာရေးမှူး (စီမံ) ဆရာကြီးဦးစိုးမြင့် မှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသားလူငယ်များအနေဖြင့် တိုးတက်ပြောင်းလဲနေသောအိုင်စီတီနည်းပညာအား မိမိတတ်မြောက်ထားသော အဆင့်တွင်ပင် ကျေနပ်မနေဘဲ အကျိုးရှိရှိ ဆက်လက်လေ့လာသွားရန် လမ်ညွှန်ပြောဆိုသွားပါသည်။

ထို့နောက် MSI Technology Computer Center မှ အခြေခံပညာကျောင်းများအား နှစ်စဉ်ပြုလုပ်နေမြဲဖြစ်သော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း လှုဒါန်းမှု အစီအစဉ်အရ MSI Technology ၏ Director ဦးထွန်းလင်း က အမှတ် (၃) အခြေခံပညာ အလယ်တန်းကျောင်းသို့ Canon Laser Printer ကို ပေးအပ်လှုဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်သောင်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

ဆက်လက်ပြီး MSI Technology Computer Centre သင်ကြားရေးဌာနမှုး ဦးအောင်ကိုကို မှ ICT Professional Roadmap အကြောင်းကို သရုပ်ပြရှင်းလင်းရာတွင် ICT Professional တစ်ယောက်ဖြစ်ရန် အဆင့်လိုက် သွားရမည့်လမ်းကြောင်းနှင့် လေ့လာရမည့် အခြေခံပညာရပ်များ၊ ဆက်လက်လေ့လာရမည့် နည်းပညာရပ်များနှင့် နိုင်ငံတကာအသိအမှတ်ပြုစာမေးပွဲများ အကြောင်းကို အဆင့်ဆင့် သရုပ်ပြရှင်းလင်းခဲ့ပါသည်။

ထိုနောက်အစီအစဉ်အရ ၂၀၀၉ ခုနှစ်အတွင်းဖွင့်လှစ်ခဲ့သော သင်တန်းများမှ တက်ရောက်သင်ယူသူ (၇၈၇) ဦးအနက် သတ်မှတ်အရည်အချင်းပြည့်မှီသော သင်တန်းဆင်းသင်တန်းသားသင်တန်းသူ (၇၁၉) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး နံနက် ၁၀ နာရီခန့်တွင် သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

သင်တန်းဆင်းပွဲတွင်ပါဝင်သောအတန်းများနှင့် သင်တန်းသားအရေအတွက်
စဉ်
အတန်းအမည်
အတန်းအမှတ်စဉ်
အရေအတွက်
သင်တန်းသားစာရင်း ကြည့်ရန်
Computer For Kid Level I CFK (1 မှ 5)
၄၀ ဦး
Computer For Kid Level II ACFK (1 မှ 6)
၄၆ ဦး
Computer For Kid Level III Level III (1 မှ 3)
၂၃ ဦး
Graphic Design For Kid GDFK
၆ ဦး
Networking Level I Course NE
၅ ဦး
Professional Graphic Design GD (20 မှ 21)
၁၄ ဦး
Office Application Course Level I OAC (201 မှ 269)
၄၉၁ ဦး
Office Application Course Level II Level II (25 မှ 37)
၉၄ ဦး

အကြောင်းအမျိုးမျိုးကြောင့် သင်တန်းဆင်းပွဲသို့မတက်ရောက်နိုင်သူများသည် ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့မှစတင်၍ မိမိ၏ သင်တန်းဆင်း လက်မှတ်များကို MSI Technology Computer Centre သင်တန်းရေးရာဌာနတွင် လာရောက်ထုတ်ယူနိုင်ပါသည်။

Top