
International Computer Driving Licence (ICDL)
ICDL Exam ဆိုတာဘာလဲ?
International Computer Driving Licence (ICDL) သည်စစ်ဆေးသော ကွန်ပျူတာ အခြခံကျွမ်းကျင်မှု စွမ်းရည်ကို ECDL Foundation မှ စစ်ဆေးပေးသော နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ အသုံးချမှုလက်မှတ်ရ စာမေးပွဲဖြစ်ပါသည်။
ICDL ဘာကြောင့်ဖြေဆိုသင့်လဲ?
ICDL ကိုနိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာအသုံးချကျွမ်းကျင်မှု စာမေးပွဲကို နိုင်ငံပေါင်း (၁၅၀) နိုင်ငံတွင် ဘာသာစကား (၃၆) မျိုးဖြင့် ဖြေဆိုနိုင်ပြီး ဖြေဆိုအောင်မြင်ပါက နိုင်ငံအနှံ့အပြားရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီကော်ပို့ရေးရှင်းများနှင့် အခြားစီးပွားရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ မှ အသိအမှတ်ပြုသော စာမေးပွဲဖြစ်ပါသည်။
ICDL Certificate ရဖို့ ဘာတွေဖြရမလဲ?
ICDL Certificate သည် ကွန်ပျူတာ အသုံးချကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ဖြစ်ပြီး၊ ကျွမ်းကျင်မှု စစ်ဆေးရာတွင် အောက်ဖော်ပြပါ ဘာသာရပ်များကို ဖြေဆိုရပါမည်။
- Concepts of Information Technology
- Using the Computer and Managing Files
- Word Processing
- Spreadsheets
- Databases
- Presentations
- Information and Communication
ဖြေဆိုအောင်မြင်မှုပေါ်မှုတည်၍ (၄) ဘာသာအောင်မြင်ပါက Start Certificate နှင့် (၇) ဘာသာအောင်မြင်ပါက Full Certificate ကို ICDL မှချီးမြှင့် ပေးပါသည်။
ဘာသာရပ်များရွေးချယ်နိုင်ခြင်း ရှိပါသလား?
ICDL စာမေးပွဲကိုဖြေဆိုနိုင်ရန် စာရင်းပေးသွင်းရာတွင် မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခုချင်းစီသော်၎င်း၊ သတ်မှတ်ထားသော ဘာသာရပ်အတွဲလိုက်သော်၎င်း ဖြေဆိုနိုင်ပါသည်။ စာမေးပွဲဖြေဆိုရာတွင် အထောက် အကူဖြစ်စေရန် Assessment Test Exercise များ ထည့်သွင်းပေးထားပါသည်။
- ICDL Start Pack:
-5 Tests (4 tests + 1 free re-test)
-4 Assessments
-ICDL Start Certificate upon completion of any 4 of the 7 modules
- ICDL Full Pack
-9 Test (7 tests + 2 free re-tests)
-7 Assessments
-ICDL Start Certificate upon completion of all 7 modules
ICDL စာမေးပွဲကို ဘယ်သူတွေဖြေသင့်လဲ?
ICDL စာမေးပွဲကို ICT ပညာရပ်ဝါသနာပါသူများ လေ့လာလိုက်စားနေသူများ၊ ကျောင်သား/သူများ၊ လုပ်ငန်းခွင်တွင် ICT ပညာရပ်ဖြင့် သက်မွေးဝမ်းကျောင်း ပြုနေသူများ၊ အလုပ်ရရှိရန် ကြိုးပန်းနေသူများ မည်သူမဆို ဖြေဆိုနိုင်ပါသည်။ ICDL စာမေးပွဲသည်မိမိ၏ ကွန်ပျူတာအသုံးချမှု၊ တက်မြောက်ကျွမ်းကျင်မှုကို သက်သေပြနိုင်ရန်နှင့် နိုင်ငံတကာမှ အသိအမှတ်ပြုရန် စစ်ဆေးပေးသော အထူးစာမေးပွဲ တစ်ခုဖြစ်ပါသည်။ မိမိဘ၀၏ ပညာရေးလိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးသော စာမေးပွဲလည်းဖြစ်ပါသည်။
ICDL အသိအမှတ်ပြုလက်မှတ်ကိုဘယ်လိုရယူနိုင်မလဲ?
ICDL Exam ကိုဖြေဆိုရာတွင် ကျွမ်းကျင်ပြီး ဖြေဆိုရန်အသင့်ဖြစ်သူများအနေဖြင့် စာမေးပွဲကို တိုက်ရိုက်ဖြေဆိုနိုင်ပြီး ဖြေဆိုရန်အသင်မဖြစ်သေးသူများသည် ICDL ၏ သင်ရိုးညွှန်းတမ်းကို သင်တန်းတက်ရောက်၍လည်းကောင်း၊ Courseware CD အသုံးပြု၍ မိမိကိုယ်တိုင်လေ့လာသင်ယူ၍လည်းကောင်း သို့မဟုတ် E-Learning Website များမှတစ်ဆင့် အွန်လိုင်းတွင် မိမိကိုယ်တိုင်လေ့လာသင်ယူ၍လည်းကောင်း လေ့လာနိုင်ပြီး အသင့်ဖြစ်ပါက မိမိဒေသတွင်ရှိ ICDL Approved Test Center များတွင် Register ပြုလုပ်ကာ ဖြေဆိုနိုင်ပါသည်။
ဧရာဝတီတိုင်းအတွင်း ICDL ဖြေဆိုလိုသူများသည် ပုသိမ်မြို့တွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ICDL Approved Test Centre ဖြစ်သော MSI Technology Training Centre တွင် စာရင်းပေးသွင်း ဖြေဆိုနိုင်ပါသည်။ မိမိဒေသအတွင်းရှိအခြား Approved Test Centre များကိုသိရှိလိုပါက ICDL MYANMAR Website တွင်လေ့လာနိုင်သည်။
ICDL စာမေးပွဲဖြေဆိုခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ?
- ကွန်ပျူတာကျွမ်းကျင်မှုအတွက် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်း။
- အလုပ်အကိုင်ကောင်းများရရှိနိုင်ရန် အခွင့်ရေးကောင်းများရရှိခြင်း။
- Internet နှင့် Computer Application များအသုံးပြုရာတွင် ကျွမ်းကျင်မှုစွမ်းရည် မြင့်မားလာခြင်း။
- အဆင့်မြင့် IT ပညာရပ်များကို ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းများရရှိလာခြင်း။
- IT ပညာရပ်များကို ဆက်လက်လေ့လာနိုင်စွမ်း တိုးတက်စေခြင်း။


