
Network Engineering Course (NE)
ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှု နည်းပညာသင်တန်း (NE) သည် Network ချိတ်ဆက်ခြင်း နှင့် နည်းပညာဆိုင်ရာ သဘောတရားများကို အခြေခံမှစ၍ လက်တွေ့ ချိတ်ဆက်လုပ်ကိုင် နိုင်သည့်အထိ ပညာရပ် ဆိုင်ရာ သဘောတရားနှင့် လက်တွေ့လုပ်ဆောင်ချက်များ ပေါင်းစပ် သင်ကြားမည့် သင်တန်းဖြစ်သည်။
Course Overview
ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှု နည်းပညာသင်တန်း
ကွန်ပျူတာကွန်ယက်ချိတ်ဆက်ခြင်း နှင့် ပတ်သက်သည့် သင်တန်းဖြစ်ပြီး Network & TCP/IP အခြေခံမှစ၍ Network Infrastructure, Design, Protocol, Installation, Network OS, Network Application စသည့် Network နှင့်ပတ်သက်သည့်နည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး Local Area Network (LAN), Wireless Network တည်ဆောက်ခြင်း၊ Internet connection ချိတ်ဆက်ခြင်းနှင့် ခွဲဝေသုံးစွဲခြင်း၊ စသည့် နည်းပညာရပ်များကို အခြေခံမှစ၍ Network Project တည်ဆောက်နိုင်သည်အထိ စနစ်တကျ သင်ကြားပေးပါမည်။ သင်တန်းပြီးဆုံးချိန်တွင် Network Technician တစ်ဦးအဖြစ် ရပ်တည်နိုင်ရန် သာမက နိုင်ငံတကာအသိအမှတ်ပြု MCTS/MCITP/CCNA စသော အဆင့်မြင့် Network နည်းပညာရပ်များကို ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းများ ရရှိမည်ဖြစ်ပါသည်။
- အခြေခံလိုအပ်ချက်= ကွန်ပျူတာနှင့် အင်တာနက် အခြေခံကျွမ်းကျင်မှု
- သင်ကြားမည့်ဘာသာ= ၈ ဘာသာ (စာတွေ့ ၃ ဘာသာ၊ လက်တွေ့ ၅ ဘာသာ)
- သင်တန်းကာလ = ၁၄၀ နာရီ = ၇၀ ရက် = ၄လခွဲ (တစ်ပါတ်တွင် ၄ ရက်)
- စာမေးပွဲစစ်ဆေးမှုပုံစံ = သင်ခန်းစာတစ်ခုပြီးတိုင်း Chapter End Test များ ဖြေ ဆိုရမည်ဖြစ်ပါသည်။
- Assignment တင်သွင်းခြင်း = ကိုယ်ပိုင်ရေးသားသော PowerPoint Assignment များတင်သွင်းရမည်။
- Project စာမေးပွဲ ဖြေဆိုခြင်း= သင်တန်းပြီးဆုံးပါက Group Project အဖြစ် လက်တွေ့ ကွန်ယက် ချိတ်ဆက်သည့် စာမေးပွဲ ဖြေဆိုရပါမည်။
- သင်တန်းကြေး = ၆၀,၀၀၀ကျပ် (ခြောက်သောင်းကျပ်)
• သင်ကြားမည့်ဘာသာရပ်များ ...
သင်တန်းတက်ရောက်ရန် သင့်တော်သူများ
- အိုင်တီနည်းပညာကို အခြေခံမှစ၍ လက်တွေ့ပြန်လည်အသုံးချလိုသူများ၊
- ကိုယ်ပိုင် Computer Network ချိတ်ဆက်သုံးစွဲလိုသူများ
- Internet Cafe များ ဖွင့်လှစ်လိုသူများ နှင့် Network Technician အဖြစ်လုပ်ကိုင်လိုသူများ
- ကွန်ပျူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊
- နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊
- လုပ်ငန်းခွင်တွင် ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ၊
- Networking နည်းပညာရပ်များကို စိတ်ပါဝင်စားကာ စနစ်တကျလေ့လာလိုသူများ
- ကွန်ပျူတာပညာရပ်ကို ၀ါသနာပါ၍ လေ့လာလိုက်စားနေသူများ၊ ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။
NE သင်တန်းတွင်သင်ကြားမည့် ဘာသာရပ်များ အသေးစိတ်
Paper No |
Subjects Name |
Descriptions |
Paper 1 |
Introduction to Computer Technology |
Introduction to Computer Technology မှာ Computer ၏ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းမှစ၍ အခြေခံအလုပ်လုပ်ပုံသဘောတရား၊ Computer နှင့် အသုံးပြုနိုင်သော အသုံးချ လုပ်ငန်းများ၊ နည်းပညာ၏ အဆင့်ဆင့် ပေါ်ပေါက်ပြောင်းလဲလာပုံ၊ Computer ၏ တည်ဆောက်ပုံ နှင့် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ၊ Hardware, Software, Operating System များ စသည့် မဖြစ်မနေ သိရှိရမည့် အခြေခံသဘောတရားများကို သင်ကြားမည့် ဘာသာရပ်ဖြစ်ပါသည်။ |
Paper 2 |
Installing and Configuring Computer |
Installing and Configuring Computer မှာ Technician တစ်ယောက်အတွက် အခြေခံအကျဆုံးဖြစ်သော ကွန်ပျူတာအစိတ်အပိုင်းများ တပ်ဆင်ခြင်း Operating System တင်ခြင်း၊ လိုအပ်သော Setting များ Configuring ပြုလုပ်ခြင်း၊ Driver များ Program များ Install ပြုလုပ်ခြင်း များကို လက်တွေ့လုပ်ဆောင်နိုင်ရန် သင်ကြားမည့်ဘာသာရပ်ဖြစ်သည်။ |
Paper 3 |
Data Communication & Network Media |
Data Communication & Network Media ဘာသာသည် Network ချိတ်ဆက်မှု အခြေခံသဘောတရားများဖြစ်သော Cable ကြိုးများ ၊ ချိတ်ဆက်သည့်ပစ္စည်း(Networking Devices)များ၊ ချိတ်ဆက်သည့် နည်းပညာများ များ စသည့် မဖြစ်မနေ သိရှိရမည့် ကွန်ယက်ချိတ်ဆက်မှု ဆိုင်ရာ နည်းပညာ တရားများကို သင်ကြားမည့် ဘာသာရပ် ဖြစ်ပါသည်။ |
Paper 4 |
Configuring Network & TCP/IP |
Configuring Network & TCP/IP သည် IT Professional တစ်ယောက်အနေဖြင့် မဖြစ်မနေသိသင့်သိတိုက်သော Transmission control protocol / Internet Protocol နှင့် ပါတ်သက်သည့် နည်းပညာအယူအဆများ၊ Local Area Network ချိတ်ဆက်ပုံများ နှင့် Configuring လုပ်ပုံအမျိုးမျိုး ကို လက်တွေ့ လုပ်ဆောင်ရမည့် ဘာသာရပ်ဖြစ်သည်။ |
Paper 5 |
Network Operating System |
Network Operating System ဘာသာရပ်တွင် Network Operating System အမျိုးမျိုး၏သဘောတရားများနှင့် Server Operating System များ Installation ပြုလုပ်ပုံ၊ Client Operating System များ အသုံးချပုံတို့တို လက်တွေ့ လေ့ကျင်ခန်းများနှင့် လုပ်ဆောင်ရမည့်ဘာသာရပ်ဖြစ်သည်။ |
Paper 6 |
Network Application & Internet Technology |
Network Application & Internet Technology မှာ Internet ၏ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းမှစ၍ အခြေခံအလုပ်လုပ်ပုံ သဘောတရား၊ Internet ပေါ်တွင် အသုံးပြုနိုင်သော အသုံးချ လုပ်ငန်းများ၊ Internet ချိတ်ဆက်ပုံများနှင့် နည်းပညာ သဘောတရားများကို လက်တွေ့ အင်တာနက်အသုံးပြုမှုနှင့် ပေါင်းစပ်သင်ကြားပေးမည့် ဘာသာရပ်ဖြစ်သည်။ |
Paper 7 |
Designing Network & Project Management |
Designing Network & Project Management ဘာသာရပ်သည် Local Area Network တစ်ခုအား ဒီဇိုင်းပြုလုပ်ပုံ ကြိုးများချိတ်ဆက်ပုံ Network Project များရေးဆွဲရာတွင် ပြုလုပ်ရမည့် လုပ်ငန်းအဆင့်ဆင့်၊ Project ကို စီမံခန့်ခွဲပုံများ စသည်တို့ကိုသင်ကြားရမည့် ဘာသာရပ်ဖြစ်သည်။ |
Paper 8 |
Practical Network Project |
Practical Network Project သည် သင်တန်းဘာသာရပ်များပြီးဆုံးပါက စာတွေ့ လက်တွေ့ သင်ကြားခဲ့သော ပညာရပ်များအားလုံးအပေါ်အခြေခံ၍ Local Area Network တစ်ခု နှင့် Wireless ချိန်ဆက်ခြင်း၊ အင်တာနက် ချိတ်ဆက်ခြင်း စသည်တို့ကို အဖွဲ့လိုက် လက်တွေ့ ချိတ်ဆက် ဖြေဆိုရမည့် Project စာမေးပွဲ ဖြစ်သည်။ |
Get Opening Class Time Table for this month...