
IT Professional Course in MSI Technology
MSI Technology Computer Training Centre မှ ကွန်ပျူတာအခြခံရှိပြီး အဆင့်မြင့် ကွန်ပျူတာပညာရပ်များကို စနစ်တကျ လေ့လာလိုသူများ အတွက် အချိန်တိုအတွင်း ကျွမ်းကျင် IT Professional တစ်ယောက်အဖြစ် တက်လှမ်းနိုင်ရန် Professional အဆင့် သင်တန်းများကိုဖွင့်လှစ်လျက်ရှိပါသည်။
Professional Graphic Design Course (GD)
အဆင့်မြင့်ဂရပ်ဖစ်ဒီဇိုင်း ရေးဆွဲဖန်တီးမှုပညာ သင်တန်း
MSI Technology Computer Centre တွင်ဖွင့်လှစ်လျက်ရှိသော Graphic Design Course သည် ပုသိမ်မြို့တွင် ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် Graphic Design သင်တန်းဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် နိုင်ငံတကာမှ ကွန်ပျူတာဒီဇိုင်း ပညာရှင်များအသုံးပြုလျက်ရှိသော Adobe Illustrator နှင့် Adobe Photoshop Program များကို Adobe System မှ အသိအမှတ်ပြုထုတ်ဝေသော Classroom in a Book ဖြင့် သင်ကြားပေးလျက်ရှိပါသည်။
သာမန် Graphic Design သင်တန်းမဟုတ်ဘဲ သင်တန်းပြီးဆုံးချိန်တွင် Professional Graphic Designer တစ်ဦးဖြစ်လာစေရန် သင်ကြားပေးမည့် အဆင့်မြင့် သင်တန်းဖြစ်ပါသည်။ Graphic Design ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများကိုလည်း ကူညီဆောင်ရွက်ပေးပါသည်။
- Adobe Illustrator
- Adobe Photoshop
- Logo Design
- Photo Retouching & Repairing
- Photo Scanning & Printing
Get Opening Class Time Table for this month...
Professional Web Creation Course (PWC)
ဝက်ဘ်ဆိုက် ဖန်တီးရေးဆွဲမှုဆိုင်ရာ နည်းပညာသင်တန်း
ဝက်ဘ်ဆိုက် ဖန်တီးမှုနည်းပညာ သင်တန်း သည် Website ဖန်တီးခြင်းနှင့် Web Design ရေးဆွဲခြင်းကို အခြေခံမှစ၍ စနစ်တကျလေ့လာလိုသူများအတွက် HTML, CSS, XML, JavaScript စသည့် Language Coding များ၊ Photoshop, Fireworks, Dreamweaver, Flash စသည့်Web ဖန်တီးမှုဆိုင်ရာ အဆင့်မြင့် Software များ၊ Web Technology, Design & Analysis , Website Marketing စသည့် နည်းပညာသဘောတရားများကို ကိုယ်ပိုင် Website Project များ ရေးဆွဲ ဖန်တီးနိုင်သည့်အထိ ပညာရပ် ဆိုင်ရာ သဘောတရားနှင့် လက်တွေ့လုပ်ဆောင် ဖန်တီးချက်များ ပေါင်းစပ် သင်ကြားမည့် သင်တန်းဖြစ်သည်။ သင်တန်းပြီးဆုံးချိန်တွင် Professional Web Designer တစ်ဦးအဖြစ် ရပ်တည်နိုင်ရန် နှင့် အဆင့်မြင့် Web Development နည်းပညာရပ်များကို ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းများ ရရှိမည်ဖြစ်ပါသည်။
- Introduction to Internet & Web Technology
- Creating WebPages with HTML
- Designing Style with CSS and JavaScript
- Web Design & Analysis
- Web Graphic with Photoshop and Fireworks
- Web Layout and coding in Dreamweaver
- Creating Animation with Flash
- Understanding Networking & TCP/IP
- Data Handling with XML and Marketing Website
- Practical Web Design Project
Network Engineering Course Level I (NE Level I)
ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှု နည်းပညာသင်တန်း
ကွန်ပျူတာကွန်ယက်ချိတ်ဆက်ခြင်း နှင့် ပတ်သက်သည့် သင်တန်းဖြစ်ပြီး Network & TCP/IP အခြေခံမှစ၍ Network Infrastructure, Design, Protocol, Installation, Network OS, Network Application စသည့် Network နှင့်ပတ်သက်သည့်နည်းပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး Local Area Network (LAN), Wireless Network တည်ဆောက်ခြင်း၊ Internet connection ချိတ်ဆက်ခြင်းနှင့် ခွဲဝေသုံးစွဲခြင်း၊ စသည့် နည်းပညာရပ်များကို အခြေခံမှစ၍ Network Project တည်ဆောက်နိုင်သည်အထိ စနစ်တကျ သင်ကြားပေးပါမည်။
- Introduction to Computer Technology
- Installing and Configuring Computer
- Data Communication & Network Media
- Configuring Network & TCP/IP
- Network Operating System
- Network Application & Internet Technology
- Designing Network & Project Management
- Practical Network Project
Up Coming Professional Courses
MSI Technology Computer Training Centre သင်ကြားရေးဌာန သည် အဆင့်မြင့် ကွန်ပျူတာပညာရပ်များကို ဆက်လက် လေ့လာလိုသူများ အတွက် မြင့်မားလာသော IT နည်းပညာများအား မျက်ချေမပြတ်စနစ်တကျ လေ့လာသုံးသပ်ပြီး ကျွမ်းကျင် IT Professional များ မွေးထုတ်နိုင်ရန် အတွက် ဖော်ပြပါ Professional အဆင့် သင်တန်းများကိုဆက်လက်ဖွင့်လှစ် နိုင်ရန် စီစဉ်လျက်ရှိပါသည်။
- Enterprise Network Engineering (NE Level II)
- Professional Web Developer (PWD)
- Professional Multimedia Designer (PMD)
- Web Development with PHP (PHP)



