
Computer Training Centre ၏ ဖြတ်သန်းခဲ့ရသောသမိုင်းကြောင်းများ
MSI Technology Computer Training Centre ကို ၂၀၀၂ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရလူငယ်များမှ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ကွန်ပျူတာသင်တန်းအဖြစ် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး ၂၀၀၃ ဧပြီမှစ၍ ကွန်ပျူတာ အခြေခံသင်တန်းများနှင့် Computer Programming သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ အဆင့်မြင့်သင်တန်းများဖြစ်သော Professional Graphic Design သင်တန်း၊ A+ Certification (ကွန်ပျူတာပြုပြင်/ထိန်းသိမ်း ခြင်း) ၊ AtuoCAD 2002 (Engineer Design သင်တန်း) သင်တန်းများကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
Multimedia Aided Teaching
MSI Technology Computer Centre သည် သင်ကြားမှုဦးစားပေး သင်တန်း ကျောင်းတစ်ခုဖြစ်သည့် အားလျော်စွာ ၂၀၀၅ ဧပြီလတွင် သင်ကြားမှုစနစ် ထိရောက်မှုရှိစေရန် နှင့် သင်တန်းသားများ သင်ခန်းစာများလေ့လာရတွင် ပိုမိုလွယ်ကူစေရန်ရည်ရွယ်၍ Multimedia အသုံးပြု သင်ထောက်ကူပစ္စည်းများကို စတင်အသုံးပြု သင်ကြားခဲ့ပါသည်။
၂၀၀၅ ဧပြီလတွင်ပင် Multimedia Application in Macromedia Flash သင်တန်းကို ပုသိမ်မြို့တွင် ပထမဦးဆုံး စတင်ဖွင့်လှစ်ရန် စီစဉ်နိုင်ခဲ့ပါသည်။



International Qualifications Course
MSI Technology Computer Centre ကို ဒေသတွင်း ကိုယ်ပိုင်ကွန်ပျူတာ သင်တန်းကျောင်းမှ International ICT Education Centre အဖြစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်လျက် နိုင်ငံတစ်ကာ အသိအမှတ်ပြုလက်မှတ် စာမေးပွဲ အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ခဲ့ပါသည်။
၂၀၀၅ ဇွန်လတွင် နိုင်ငံတကာအသိအမှတ်ပြု LCCI စာရင်ကိုင်စာမေးပွဲအထောက်အကူပြု သင်တန်းဖြစ်သော LCCI Level (1)(2) စာရင်းကိုင်သင်တန်းများကို စတင်ဖွင့်လှစ်နိုင်ပါသည်။
Interactive Teaching System
MSI Technology Computer Training Centre ၏ဆောင်ပုဒ်တစ်ခုဖြစ်သော Leader In Teaching Technique ကိုအကောင်အထည်ဖော်နိုင်ရန်အတွက် သင်တန်းကျောင်းအနေဖြင့် သင်ကြားရေးဌာန(Teaching Department) ၊ သုသေသနနှင့် ဖွံ့ဖြိုးမှု (Research & Development) ဌာနခွဲ များ ထားရှိကာ သင်ရိုးညွန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့အသုံးပြု သင်ထောက်ကူပစ္စည်းများကို အဆင့်မီအောင် အကြိမ်ကြိမ် အဆင့်မြင့်ခဲ့ပါသည်။
သင်ကြားမှုစနစ်များကို အကြိမ်ကြိမ်စီစဉ်သုံးသပ်ပြီး လိုအပ်ချက်များကိုစနစ်တကျ ပြုပြင်ပြောင်းလဲနိုင်ခဲ့သည့်အတွက် အကျိုးကျေးဇူး များအနေဖြင့် သင်ယူသူ၏ ပင်ကိုစွမ်းရည်ကိုဖော်ထုတ်သင်ကြားသည့် Interactive Teaching System (သင်ကြားသူနှင့်သင်ယူသူ အပြန်အလှန်ဆွေးနွေးသင်ကြားသည့် စနစ်)ကို ဖောင်ဆောင်နိုင်ခဲ့ပါသည်။
ICDL and MSI Technology
International Computer Driving Licence သည် ကွန်ပျူတာ အခြေခံကျွမ်းကျင်မှု စွမ်းရည်ကို စစ်ဆေးပေးသော နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ အသုံးချမှုလက်မှတ်ရ စာမေးပွဲဖြစ်ပါသည်။ ICDL ကိုနိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာအသုံးချကျွမ်းကျင်မှု စာမေးပွဲကို နိုင်ငံပေါင်း (၁၅၀)ကျော်တွင် ဘာသာစကား (၃၆) မျိုးဖြင့် ဖြေဆိုနိုင်ပြီး ဖြေဆိုအောင်မြင်ပါက နိုင်ငံအနှံ့အပြားရှိ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုမ္ပဏီကော်ပို့ရေးရှင်းများနှင့် အခြားစီးပွားရေး၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ မှ အသိအမှတ်ပြုသော စာမေးပွဲဖြစ်ပါသည်။
MSI Technology အနေဖြင့် ICDL စာမေးပွဲများ လက်ခံစစ်ဆေးနိုင်ရန်အတွက် အဆင့်ဆင့်ညှိနှင်းဆွေးနွေးခြင်း လိုအပ်သည်များကို အဆင်မြှင့်ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက်၂၀၀၇ ဖေဖေါ်ဝါရီ လဆန်းတွင် နိုင်ငံတွင်း ဒုတိယမြောက် ICDL Test များကို လက်ခံစစ်ဆေးပေးနိုင်သည့် Approved Test Centre ဖြစ်လာကာ ICDL စာမေးပွဲများ စတင်၍ ဖြေဆိုနိုင်ပြီ ဖြစ်သည်။ ယခင်က Local Certificate သင်တန်းများကို ဖွင့်လှစ်နေရာမှ အမြင်ကျယ်ပြန့်လာသော လူငယ်များနှင့် အသိပညာခေတ်၏ တောင်းဆိုမှုကြောင့် လည်းကောင်း၊ ICDL Certificate များသည် လုပ်ငန်းခွင်အသုံးချ ကွန်ပျူတာ ပညာရပ်များကို အမှန်တကယ် သတ်မှတ် စစ်ဆေးပေးနိုင်သည့် အတွက်ကြောင့်လည်းကောင်း၊ ယခုကဲ့သို့ ICDL ကို မိမိ၏ သင်တန်းကျောင်း၌ ဖွင့်လှစ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ် ဟု MSI Technology ကို တည်ထောင်သူ ဦးထွန်းလင်းက ပြောကြားပါသည်။



အာရှ-ဖစိဖိတ်ဒေသတွင်း ICDL Licencee ဖြစ်သော SpringBoard4Asia Ltd ၏ CEO Mr. Colin Glass ကလည်း အာဆီယံဒေသတွင်း အပါအ၀င် နိုင်ငံပေါင်း(၁၅၀)ကျော်တွင် အောင်မြင်တွင်ကျယ်စွာ လည်ပတ်နေသော ICDL သည် ယခုလို ပုသိမ်ဒေသတွင် စတင်နိုင်သဖြင့် များစွာ ဂုဏ်ယူမိပါကြောင်း၊ MSI Technology အနေဖြင့် Approved Test Centre တစ်ခုဖြစ်လာရန် မရှိမဖြစ်လိုအပ်သည့် စံနှုန်းစနစ်များနှင့် ကိုက်ညီမှုရှိသည့်အတွက်ကြောင့် ယခုလို Authorized ICDL Testing Centre အဖြစ် စတင်ဆောင်ရွက်သွားမည်ဟု ၀မ်းသာလှိုက်လဲစွာ တရားဝင် ကြေညာအပ်ပါကြောင်း မှတ်ချက်ပြုခဲ့သည်။
လက်ရှိအချိန်တွင် MSI Technology သည် Network Solution နှင့် Web Development နယ်ပယ်ကို အထူးပြုပြီး Professional Level မှ International Qualification Level အထိ သင်ရိုးညွန်းတမ်းများ ရေးဆွဲသင်ကြားနိုင်ရန် စီစဉ်လျက်ရှိပါသည်။


