• Computer Sales Centre
  • Special Choice
  • Promotion Plan
  • Showroom
  • Installment Sales
  • Online Learning
  • Contact Sales Centre
• ICT Service Centre
  • Our Services
  • Our Clients
  • Customer Support
  • Terms of Service
  • Contact Service Centre
• iCafé MSI Cyber Café
  • Promotion Plan
  • Our Service
  • Support & Training
  • Contact Café
  • Location Map
• MSI Tech Web Studio
  • Our Service
  • Domain Registration
  • Web Development
  • Web Hosting
  • Online Learning
  • Contact Web Studio
Professional Course
>Location : Home >Training > Professional Course > PWC

Professional Web Creation Course (PWC)

ဝက်ဘ်ဆိုက် ဖန်တီးရေးဆွဲမှု ဆိုင်ရာနည်းပညာသင်တန်း (PWC) သည် Web site ဖန်တီးခြင်းနှင့် Web Design ရေးဆွဲခြင်းကို အခြေခံမှစ၍ ကိုယ်ပိုင် Web site Project များ ရေးဆွဲ ဖန်တီးနိုင်သည့်အထိ ပညာရပ် ဆိုင်ရာ သဘောတရားနှင့် လက်တွေ့လုပ်ဆောင် ဖန်တီးချက်များ ပေါင်းစပ် သင်ကြားမည့် သင်တန်းဖြစ်သည်။

Course Overview

ဝက်ဘ်ဆိုက် ဖန်တီးရေးဆွဲမှုဆိုင်ရာ နည်းပညာသင်တန်း
Web site ဖန်တီးခြင်းနှင့် Web Design ရေးဆွဲခြင်းကို အခြေခံမှစ၍ စနစ်တကျလေ့လာလိုသူများအတွက် HTML, CSS, XML, JavaScript စသည့် Language Coding များ၊ Photoshop, Fireworks, Dreamweaver, Flash စသည့်Web ဖန်တီးမှုဆိုင်ရာ အဆင့်မြင့် Software များ၊ Web Technology, Design & Analysis , Web site Marketing စသည့် နည်းပညာသဘောတရားများကို ကိုယ်ပိုင် Web site Project များ ရေးဆွဲ ဖန်တီးနိုင်သည့်အထိ ပညာရပ် ဆိုင်ရာ သဘောတရားနှင့် လက်တွေ့လုပ်ဆောင် ဖန်တီးချက်များ ပေါင်းစပ် သင်ကြားမည့် သင်တန်းဖြစ်သည်။ သင်တန်းပြီးဆုံးချိန်တွင် Professional Web Designer တစ်ဦးအဖြစ် ရပ်တည်နိုင်ရန် နှင့် အဆင့်မြင့် Web Development နည်းပညာရပ်များကို ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းများ ရရှိမည်ဖြစ်ပါသည်။

  • အခြေခံလိုအပ်ချက်= ကွန်ပျူတာနှင့် အင်တာနက် အခြေခံကျွမ်းကျင်မှု
  • သင်ကြားမည့်ဘာသာ= ၁၀ ဘာသာ (စာတွေ့ ၄ဘာသာ၊ လက်တွေ့ ၆ဘာသာ)
  • သင်တန်းကာလ = ၁၆၀ နာရီ = ၈၀ ရက် = ၅လ (တစ်ပါတ်တွင် ၄ ရက်)
  • စာမေးပွဲစစ်ဆေးမှုပုံစံ = ဘာသာရပ်တစ်ခုပြီးတိုင်း End Test များ ဖြေ ဆိုရမည်ဖြစ်ပါသည်။
  • Assignment တင်သွင်းခြင်း = လက်တွေ့ဘာသာရပ်များ အားလုံးအတွက် ကိုယ်ပိုင်ရေးသားသော Assignment များတင်သွင်းရမည်။
  • Project တင်သွင်းခြင်း = သင်တန်းပြီးဆုံးပါက Group Project တင်သွင်းရမည်။
  • သင်တန်းကြေး = ၆၀,၀၀၀ကျပ် (ခြောက်သောင်းကျပ်)

သင်တန်းတက်ရောက်ရန် သင့်တော်သူများ

  • အိုင်တီနည်းပညာကို အခြေခံမှစ၍ လက်တွေ့ပြန်လည်အသုံးချလိုသူများ၊
  • ကိုယ်ပိုင် Web site နှင့် Blog များ ရေးဆွဲဖန်တီးလိုသူများ၊
  • ကွန်ပျူတာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊
  • နည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများ၊
  • လုပ်ငန်းခွင်တွင် ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများ၊
  • Graphic နှင့် Web Design ကိုစိတ်ပါဝင်စားသော ကျောင်းသူကျောင်းသားများ၊
  • ကွန်ပျူတာပညာရပ်ကို ၀ါသနာပါ၍ လေ့လာလိုက်စားနေသူများ၊ ကွန်ပျူတာအခြေခံရှိသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

PWC သင်တန်းတွင်သင်ကြားမည့် ဘာသာရပ်များ အသေးစိတ်


Paper No

Subjects Name

Descriptions

Paper 1

Introduction to Internet & Web Technology

Introduction to Internet & Web Technology မှာ Internet ၏ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းမှစ၍ အခြေခံအလုပ်လုပ်ပုံ သဘောတရား၊ Internet ပေါ်တွင် အသုံးပြုနိုင်သော အသုံးချ လုပ်ငန်းများ၊ ချိတ်ဆက်ပုံများနှင့် Web နည်းပညာ၏ အဆင့်ဆင့် ပေါ်ပေါက် ပြောင်းလဲလာပုံ၊ World Wide Web ၏ တည်ဆောက်ပုံ နှင့် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ၊ အသုံးများသောWeb နည်းပညာများနှင် Search Engine တို့၏ သဘောတရားများကို လက်တွေ့ အင်တာနက်အသုံးပြုမှုနှင့် ပေါင်းစပ်သင်ကြားပေးမည့် ဘာသာရပ်ဖြစ်သည်။

Paper 2

Creating Web pages with HTML

Creating Web pages with HTML မှာ Web နည်းပညာများ၏ အခြေခံအကျဆုံးဖြစ်သော Hypertext Markup Language(HTML) ၏ အခြေခံ သဘောတရားမှစ၍ Web pages များ ရေးသားခြင်းကို လက်တွေ့ လုပ်ဆောင်နိုင်ရန် သင်ကြားမည့်ဘာသာရပ်ဖြစ်သည်။

Paper 3

Designing Style with CSS and Dynamic Web sites with JavaScript

Designing Style with CSS and Dynamic Web sites with JavaScript ဘာသာသည် Cascade Style Sheet(CSS) နည်းပညာကိုအသုံးပြု၍ Web site များကို Design ချခြင်း၊ JavaScript နည်းပညာဖြင့် Web site များအား သက်ဝင်လှုပ်ရှားစေရန်ဖန်တီးခြင်း စသည်တို့ကို လက်တွေ့သင်ခန်းစာများဖြင့် ဖန်တီးရေးဆွဲရမည့် ဘာသာရပ်ဖြစ်သည်။

Paper 4

Web Design & Analysis

Web Design & Analysis သည် Web Designer တစ်ယောက်အနေဖြင့် မဖြစ်မနေ သိသင့်သိထိုက်သော Web site တစ်ခုဖန်တီးခြင်းနှင့်  ပါတ်သက်သည့် Design အယူအဆများ၊ ဖန်တီးမှုအဆင့်များနှင့် လုပ်ဆောင်ချက်များ၊ Web Browser များ၏ အလုပ်လုပ်ပုံ Web Standard အမျိုးမျိုး နှင့် ပါတ်သက်၍ လေ့လာဆန်းစစ်ချက်များ စသည့် သဘောတရားတို့ကို သင်ကြားမည့်ဘာသာရပ်ဖြစ်သည်။

Paper 5

Designing Web Graphic with Adobe Photoshop and Fireworks

Designing Web Graphic with Photoshop and Fireworks ဘာသာရပ်တွင် Adobe Photoshop Program ကိုအသုံးပြု၍ Web Graphic များရေဆွဲဖန်တီးခြင်း၊ Web Layout Design များရေးဆွဲခြင်းနှင့် Adobe Fireworks Program ကို အသုံးပြု၍ User Interface နှင့် Animated Design များဖန်တီးခြင်းများကို လက်တွေ့ လုပ်ဆောင်ရမည့် ဘာသာရပ်ဖြစ်သည်။

Paper 6

Web Layout and coding in Adobe Dreamweaver

Adobe Dreamweaver သည် Web Design နှင့် Editing Program များတွင် အကျော်ကြားဆုံးနှင့် နည်းပညာမြင့်မားဆုံးသော Web Design Software ဖြစ်သည်။ ဤဘာသာရပ်တွင် Web site တစ်ခုလုံး၏ အခြေခံအကျဆုံး Layout coding ရေးဆွဲခြင်း၊ Web pages များ Editing ပြုလုပ်ခြင်း၊ Graphic နှင့် Multimedia မျာထည့်သွင်းခြင်း၊ Ajax နည်းပညာအသုံးပြု၍ လှုပ်ရှားသက်ဝင်လာစေရန် ဆောင်ရွက်ခြင်းတို့ကို လက်တွေ့ သင်ခန်းစာများဖြင့် ဖန်တီးရေးဆွဲရမည် ဖြစ်သည်။

Paper 7

Creating Animation with Flash

Adobe Flash သည် ကာတွန်းရုပ်ရှင်များ၊ Web Animation များ၊ Interactive Animation များရေးဆွဲရာတွင် ပြိုင်ဘက်ကင်သော program ဖြစ်သည်။ Creating Animation with Flash ဘာသာရပ်တွင် Web Animation များကို Adobe Flash ဖြင့် လက်တွေ့ဖန်တီးရမည်ဖြစ်သည်။

Paper 8

Understanding Basic Networking & TCP/IP

Understanding Networking & TCP/IP သည် IT Professional တစ်ယောက် အနေဖြင့် မဖြစ်မနေသိသင့်သိတိုက်သော TCP/IP Protocol နှင့် Computer Network ချိတ်ဆက်မှု သဘေားတရားများအား သင်ကြားမည့်ဘာသာရပ်ဖြစ်သည်။

Paper 9

Data Handling with XML, SEO and Marketing Web site

Data Handling with XML သည် Internet Data Sharing Language တစ်ခုဖြစ်သော  Extensible Markup Language (XML) ၏ အခြေခံသဘောတရား၊ တည်ဆောက်ပုံ နှင့် Standard များအကြောင်းသင်ကြားရမည်ဖြစ်ပြီး Marketing Web site ဘာသာတွင် Web Master တစ်ယောက်အတွက် အရေးပါသော မိမိ Web site ကို Search Engine Optimization (SEO) ပြုလုပ်ခြင်း Online Marketing ပြုလုပ်ခြင်း၊ Offline Marketing ပြုလုပ်ခြင်း စသည့်ပညာရပ်များအားသင်ကြားရပါမည်။

Paper 10

Practical Web Design Project

Practical Web Design Project သည် သင်တန်းဘာသာရပ်များပြီးဆုံးပါက စာတွေ့လက်တွေ့ သင်ကြားခဲ့သော ပညာရပ်များအားလုံးအပေါ်အခြေခံ၍ Web site Project တစ်ခုကို Data Collection ပြုလုပ်ခြင်းမှစ၍ Design ဖန်တီးခြင်း၊ Layout Coding ရေးသားခြင်း၊ Animation နှင့် Multimedia များထည့်သွင်းခြင်း၊ Online လွှင့်တင်ခြင်း၊ Marketing Presentation ဖန်တီးခြင်း စသည့်အဆင့်များကို ကိုယ်ပိုင် ရေးဆွဲဖန်တီးရမည့် Project ဘာသာရပ်ဖြစ်သည်။

 

Get Opening Class Time Table for this month...

Top